လေးမျက်နှာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများ၊ ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့်ဝန်ထမ်းများက အထက- လေးမျက်နှာအခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းသား/သူများနှင့် ဗိုလ်ချုပ်လမ်းဆုံရှိ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့အစရှိသော အကြောင်း အရာများ၊ ရေနံ့သာ မောင်ကျော်ညွှန့်ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များပါဝင်ကြောင်း သိရှိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)