အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ ရတနာဦးနှင့် ပူးပေါင်းကာ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး Talk Show အစီစဉ်ကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေး န်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီအချိန်မှ စတင်၍ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်း၊မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို  ဒေါင့်ကြီးကျေးရွာတွင် ကွင်းဆင်; ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသံချဲ့စက်များ​ဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းသို့ သုံးဘီးမော်တော်ယာဉ်ဖြင့်လှည့် လည်နှိုးဆော်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ ထိုးနှံနိုင်ကြောင်းနှင့် ရောဂါ ကာကွယ်ရေးဆိုင်ရာများကို ယနေ့နံနက် (၉)နာရီကစတင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 24,2021
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းအမှတ်အကြိုဟော​ပြောပွဲ၊ စကားထာဝှက်ပြိုင်ပွဲနှင့် စာအုပ်စာ​စောင်ပြပွဲကို ယ​နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရ သည်။
Nov 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်၊စပါး ကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို ဈေး ကားများဖြင့် ယနေ့နံနက် ၈နာရီခွဲအချိန်က သုံးခွမြို့မဈေး အနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 24,2021
တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစာကား လက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်း အချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူများ လေ့လာ သိရှိ မှတ်သား ထားနိုင်စေရေးအတွက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။