ဒေးဒရဲ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေး န်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် တက်ရောက်လာသည့် မြို့နယ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် (ဧပြီလမှ မတ်လ)အတွင်း ဒေးဒရဲမြို့နယ်အတွင်း ဆောင်ရွက်လိုသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ၊ ရင်းနှီးမြှုပ်နှံမှုများ လျာထားအဆိုပြုသည့် လုပ်ငန်းများအား ဦးစားပေးအစီအစဥ်အလိုက် အဆိုပြုချက်များအပေါ် ဒေသအတွက် အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက် နိုင်ရေးနှင့် တက်ရောက်လာသူများက အဆိုပြုချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေး နိုင်ရေး အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာန တစ်ခုချင်းအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လျာထား အဆိုပြုချက်များကို ရှင်လင်း ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများက တင်ပြသည့် လုပ်ငန်းများအပေါ် အတည်ပြု ထောက်ခံနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)