ဝက်လက်မြို့၌ (၁၀၁)ခုနှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်

ဝက်လက် နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ ရတနာဦးနှင့် ပူးပေါင်းကာ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး Talk Show အစီစဉ်ကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။

အမျိုးသားအောင်ပွဲနေ့ Talk Show အစီစဉ်တွင် စာရေးဆရာ အသင်း Book Club အဖွဲ့ဝင် စာရေးဆရာ ရတနာဦးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းလိုက်သော ရန်ကုန် ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုထားကြသော ကျောင်းသား၊ ကျောင်းသူများ အကြောင်းကို အသိပညာပေး ဆွေးနွေး ကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)