သုံးခွမြို့နယ်သို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ စသည့် စားသောက်ကုန် ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ဈေးကားများဖြင့် လာ‌ရောက်လှည့်လည်ရောင်းချ

သုံးခွ နို၀င်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်၊စပါး ကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို ဈေးကားများဖြင့် ယနေ့နံနက် ၈နာရီခွဲအချိန်က သုံးခွမြို့မဈေး အနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင်  ဆီငါးဆယ်သားတစ်ဗူးကို (၁၈၅၀)ကျပ်နှုန်းဖြင့် ဘူး ၂၀၀အား‌ လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့် ငါးပြည်အိတ် (၄၀၀)အား လည်းကောင်း ရွှေလျားမော်တော်ယာဉ်ဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထွန်း‌စောဝေ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စား‌သောက်ကုန်များကို အစဉ်ပြေ ချောမွေ့စွာ ၀ယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်၊စပါး ကုန်သည်များ အသင်းနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ ပူး‌ပေါင်း၍ ဈေးကားများဖြင့် လာရောက် လှည့်လည်ရောင်းချခြင်းကို တစ်ပတ်လျှင်(၁) ကြိမ် လာရောက် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

စည်သူလင်း