ဖား​ဆောင်းမြို့နယ်၌ အမျိုးသား​​​အောင်ပွဲ​နေ့ အထိမ်းအမှတ်အကြို စကားထာဝှက်ပြိုင်ပွဲ ကျင်းပ

ဖား​ဆောင်း   နိုဝင်ဘာ   ၂၄

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းအမှတ်အကြိုဟော​ပြောပွဲ၊ စကားထာဝှက်ပြိုင်ပွဲနှင့် စာအုပ်စာ​စောင်ပြပွဲကို ယ​နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရ သည်။

(၁၀၁)နှစ်​​မြောက် အမျိုးသား​အောင်ပွဲ​နေ့အား ကြိုဆိုဂုဏ်ပြုသည့်အ​နေဖြင့် ​ကျောင်းသား၊​ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်​စေရန်၊ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်​စေရန်၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်တတ်သည့် အ​လေ့အကျင့်ရရှိ​စေရန်၊ စကားထာများ၏ အဓိပ္ပယ်များကို ဗဟုသုတ ရရှိ​စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိ​စေရန် ရည်ရွယ်၍ ​ဟော​ပြောပွဲ၊ စကားထာဝှက် ပြိုင်ပွဲနှင့် စာအုပ်စာ​စောင်ပြပွဲကို ကျင်းပပြုလုပ်​ပေးရခြင်းဖြစ်ပြီး ပြိုင်ပွဲကို အလယ်တန်းဆင့် ​ကျောင်းသား၊​ ကျောင်းသူများ လာ​ရောက်ယှဉ်ပြိုင် ကစားခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အမျိုးသား​နေ့ အကြောင်း သိ​ကောင်းစရာများ ​ဟော​ပြောပြီး၊ စကားထာဝှက်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ထို့​နောက်  ဆုရရှိသည့် ​ကျောင်းသား၊​ ကျောင်းသူများအား ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ အမှတ်တရလက်​ဆောင်ပစ္စည်းများ ပြန်လည်​ပေးအပ်ခဲ့​ကြောင်းနှင့် တက်​ရောက်လာကြသည့်​ကျောင်းသား​၊ ​ကျောင်သူများက ပြသထားသည့် စာအုပ်စာ​စောင်များကို ကြည့်ရှုအား​ပေးခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်