မိုးမိတ်မြို့နယ်တွင် ကိုဗစ် ၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေး မြန်မာ ၊ရှမ်း ဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်

မိုးမိတ်  နိုဝင်ဘာ ၂၄ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီအချိန်မှ စတင်၍ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်း၊မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို  ဒေါင့်ကြီးကျေးရွာတွင် ကွင်းဆင်; ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်     ပြည်သူများအနေဖြင့် နိုင်ငံတော်မှပြည်သူများအတွက် ကာကွယ်ဆေး များကို အခမဲ့ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ပြီး ကာကွယ်တိုက်ဖျက်သွားနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်နှင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိတို့ အိမ်တွင် ပြင်ပမှလာသောဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊  ရောဂါပိုးရှိသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားမိဘပြည်သူများ အားလုံးကကိုယ်စီ လိုက်နာပြီး  ကျန်းမာရေးအသိ၊သတိများ ရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေးနှိုးဆော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)