ကြာအင်းဆိပ်ကြီးမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၂၄

တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင်  ပေါ်ပေါက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစာကား လက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်း အချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူများ လေ့လာ သိရှိ မှတ်သား ထားနိုင်စေရေးအတွက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ ဆောင်ပုဒ်နှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းအကြောင်း အရာများ ဗိုလ်ချုပ်အောင်ဆန်း၏ အေးအတူပူအမျှ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁--၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တွေ့ဆုံစဉ် ပြောကြား သည့် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း စသည်များ နှင့် နေနံ့သာမောင်ကျော်ညွှန့်ရေးသားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာများပါဝင်ကာ ထုတ်ဝေ ထားကြောင်း သိရသည်။

မျိုးမင်းဦး