ဖြူး နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ ထိုးနှံနိုင်ကြောင်းနှင့် ရောဂါ ကာကွယ်ရေးဆိုင်ရာများကို ယနေ့နံနက် (၉)နာရီကစတင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆေးခွဲတမ်းအလိုက် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မထိုးနှံရသေးသူများ ကာကွယ်ဆေး ထိုးနှံ နိုင်ရေးကို၎င်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေ အရေးကြီး ကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ၎င်းတိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် နိုဝင်ဘာလ(၂၃)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ မရှိသောကြောင့် စုစုပေါင်း အတည်ပြုလူနာ(၁၃၆၇)ဦး၊ သေဆုံးသူမှာ(၈၇)ဦး၊ ဆေးရုံလက်ကျန်(၁)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)