မရမ်းကုန်း နိုဝင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀:၀၀နာရီအချိန်က ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဌာနဆိုင်ရာများသို့ သွားရောက် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားပညာရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားအောက်ပွဲနေ့ ဆောင်းပါးနှင့်ကဗျာ အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)