ကျောက်ပန်းတောင်း နိုဝင်ဘာ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ် မြောက် အမျိုးသား အောင်ပွဲနေ့ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁) နာရီက အဆိုပါ မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျောင်းသားကျောင်းသူ ကလေးငယ်များ Online မှတဆင့် လေ့လာ သိရှိနိုင်စေရန်အတွက် ယခုလို ဖိတ်ခေါ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း မိတ်ဆက်ရှင်း လင်းပြောကြားရာ၊ မြို့ရှေ့ အ.ထ.က မှ အလယ်တန်း ပြရာထူးဖြင့် အငြိမ်းစားယူခဲ့သည့် ဆရာကြီး ဦးခင်မောင်းသန်းက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအဆင့်ဆင့်နှင့် အမျိုးသားနေ့ ကိုအခြေတည်၍ မြန်မာတစ်မျိုးသားလုံး နိုင်ငံရေး အသိစိတ်ဓာတ်များ နိုးကြားတက်ကြွလာကာ၊ လွတ်လပ်ရေး ရရှိရေးကြိုးပမ်းမှုများအတွက် အထောက်အကူ ဖြစ်စေခဲ့ပုံများ ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)