လေးမျက်နှာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သခွတ်ချောင်းအုပ်စု သခွတ်ချောင်းကျေးရွာတွင် ယနေ့နံနက်(၉:၀၀)နာရီ၌ ၂၀၂၁-၂၀၂၂ခုနှစ် ဆောင်းသီးနှံ မတ်ပဲစံပြကွက်စိုက်ပျိူးခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ၏ လူမှုဘဝ တိုးတက်မြှင့်မားစေရန်၊ စိုက်ပျိူးရေးလုပ်ငန်းမှ ဝင်ငွေများ တိုးပွား ရရှိစေရန်ရည်ရွယ်၍ စိုက်ပျိူးမြေများတွင် နည်းပညာများ ပံ့ပိုးကူညီ လျက်ရှိပြီး သခွတ်ချောင်း ကျေးရွာအုပ်စု၊ သခွတ်ချောင်းကျေးရွာရှိ ကွင်းအမှတ်(၁၂၁၀)၊ ဦးပိုင်အမှတ် (၄၃/၂)၊ လယ်မြေ(၅.၀၅ဧက)တွင် ၂၀၂၁-၂၀၂၂ခုနှစ် ဆောင်းသီးနှံမတ်ပဲစံပြကွက် စိုက်ပျိူးခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကွင်းသရုပ်ပြပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိူး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောဝင်းရွှေနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အတွင်းရှိ တောင်သူများ တက်ရောက်ခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)