လသာ နို၀င်ဘာ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာ၀န် ရှိသူများပါ၀င်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၈း၀၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ တားဆီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် အဖွဲ့၀င်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ တာ၀န်ရှိသူများ ၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများ၊ အမှတ်(၄၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးနှင့်အဖွဲ့၀င်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် လသာမြို့နယ် အမှတ်(၁)ရပ်ကွက်လမ်းမတော်သံစျေး၊ (၁၇/ ၁၈)လမ်းစျေး၊ စဉ့်အိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းတစ်လျှောက်ရှိ စူပါမားကက်များနှင့် ရွှေဆိုင်များ၊ ဂမုန်းပွင့်ကုန်တိုက်နှင့် မဟာဗန္ဓုလလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထိပ်အထိ၊ မဟာဗန္ဓုလလမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ လမ်းဘေးစျေးသည် များအား ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးအတွက် MasKများစနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦးအနည်းဆုံး(၃)ပေခန့် ခပ်ခွာခွာတန်းစီစျေး၀ယ်ရန်၊ စျေးသည်များအနေဖြင MasKတပ်ဆင်ခြင်း အပြင် လက်အိတ်၊ ခေါင်းစွပ်များ တပ်ဆင်အသုံးပြုရန်နှင့် မိမိဆိုင်တွင် လက်သန့်ဆေးရည်များ ထားရှိ၍စျေး၀ယ်သူများအား လက်ဆေးစေရန်နှင့် Maskမရှိသူ၊ လဦးရေ(၈၀၀)ခန့်အား Maskများ အခမဲ့ဝေငှ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။