ကျောက်မဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၁ ခုနှစ် ၁၀၁ နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မြို့တွင်းရှိ ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၌ ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြာသည့် အမှာစကားမှကောက်နှုတ်ချက်၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ အမျိုးသားအောင်ပွဲနေ့ ၊ အမျိုးသားပညာရေး ၊ အေးအတူပူအမျှ ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာစသည်ဖြင့် အမှာစကား ၊ ဆောင်းပါး၊ ဆောင်ပုဒ်နှင့် ကဗျာများ ဖော်ပြပါရှိကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)