ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ     နိုဝင်ဘာ      ၂၅

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူးရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ရာတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်များနှင့် အညီ စနစ်တကျ မွေးမြူထုတ်လုပ်နိုင်စေရန်အတွက် ဖွင့်လှစ်သည့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၂၄ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ငါးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်လာစေရန် ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ဒေသခံငါးမွေးတောင်သူများ ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်နှင့် အညီ ငါးမွေးမြူရေးနည်းပညာများ ရရှိစေရန်နှင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲ တွင် မင်းဘူးခရိုင်တာဝန်ခံ/ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအဖွဲ့က သင်တန်းသား၊ သင်တန်းသူများကို ပညာပေးလက်ကမ်းစာစောင် များနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် မင်းဘူးခရိုင်တာဝန်ခံ/ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း ဦးဆောင်သော ပွင့်ဖြူငါးလုပ် ငန်းစခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများက ဒေသခံတောင်သူများ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ရာ တွင် စနစ်တကျ မွေးမြူရေးလုပ်ကိုင်တတ်စေရေး သင်တန်းသား ၊ သင်တန်းသူ ၂၅ ဦးအား ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)နှင့် ပတ်သက်သည့် သင်ခန်းစာများကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စာတွေ့ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )