မောင်တော နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့တို့မှ (၄)မိုင်ဈေးရှိ ဈေးရောင်းချသူများအနေဖြင့် မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြှိမ်းသတ် ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြှိမ်းသတ်မှုများ၊ မီးလောင်မှု ဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်တတ်စေရန် ဈေးသူ၊ ဈေးသား များအား ရှင်းလင်းပြောကြားပြီး မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံး၊ ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများ အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်အသင့် ဆောင်ရွက်ထားရန်၊ မီးသတ် ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန်၊ ဈေးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)