မိုင်းပန် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က အမျိုးသားနေ့ဟူသည် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်း မြန်မာနိုင်ငံ၏ အမျိုးသားနေ့မှာ တန်ဆောင်မုန်း လဆုတ်(၁၀)ရက်နေ့ပင်ဖြစ်ပါကြောင်း၊ အမျိုးသားနေ့စိတ်ဓာတ် အရေးပါပုံအကြောင်း၊ အမျိုးသားနေ့ကို အလေးအမြတ်ပြုသင့်ပါကြောင်း၊ နိုင်ငံနှင့်လူမျိုးကိုချစ်သော နိုင်ငံနှင့် လူမျိုး၏ အကျိုးစီးပွါး ကို လိုလားသော အမျိုးသားစိတ်ဓာတ်မှာ နိုင်ငံတစ်ခုတွင် အသက်သွေးပမာအရေးကြီးပါကြောင်း၊ နိုင်ငံတော် တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မရှိမဖြစ်သော စိတ်ဓာတ်ပင်ဖြစ်ပါကြောင်း၊ အမျိုးသားစိတ်ဓာတ်များ ရှင်သန်နိုးကြားစေသော အမျိုးသားနေ့ကို မြတ်နိုးတန်ဖိုးထားသင့်ပါကြောင်း အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Facebook Page ဖြစ်သော We Love Mang Pan Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)