ရွှေတောင် နိုဝင်ဘာ ၂၅
ရွှေတောင်မြို့နယ်တွင် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ် အသီးသီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတ အဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း