ပြင်စလူမြို့တွင် မိုးစပါးစံပြကွက် ရိတ်သိမ်းဆောင်ရွက်

ပြင်စလူ  နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊  ပြင်စလူမြို့  ၊ကုန်းကြီးကျေးရွာအုပ်စု၊ကုန်းကြီးကျေးရွာတွင် ယမန်နေ့ ညနေ (၄) နာရီ အချိန်၌  တောင်သူဦးဝင်းဇော်ဟိန်းလုပ်ကိုင်ခွင့်ရရှိသည့် ကွင်းအမှတ် (၁၅၁၄)၊ ဦးပိုင်အမှတ်(၆/၂)၊လယ်မြေ (၅)ဧကတွင် စိုက်ပျိုးထား သည့်ပေါ်ဆန်းရင်မိုးစပါး မျိုးသန့်  စံပြစိုက်ခင်း၌ ပြင်စလူမြို့  ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများ၊မြို့အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ဒေသခံတောင်သူများစုပေါင်း၍ စံပြကွက် ရိတ်သိမ်းရာ မိုးစပါး (၁)ဧကလျှင် (၆၈.၇၆)တင်းထွက်ရှိခဲ့ပြီး စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးမိုးမှ စံကွက်ရိတ်သိမ်းခြင်းဖြင့် ရရှိသော အထွက်နှုန်းအပေါ် အကြံပြုဆွေးနွေးခြင်းနှင့် နည်းပညာ ပေးနိုင်ရေး၊ မိုးစပါးစိုက်ဧကအပေါ် မျိုးကွဲအလိုက်(၁)ဧက အထွက်နှုန်းမှန်ကန်စွာ ရရှိနိုင်ရေးနှင့်သတ်မှတ်ထားသော ကွင်းအလိုက်ရိတ်သိမ်း ရမည့် စံကွက်များအားရိတ်သိမ်းနိုင်ရေးတို့ကိုဆွေးနွေးခဲ့သည်။

အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်း     ခြင်းအားဖြင့်ဒေသဝမ်းစာဖူလုံရေး၊ တောင်သူများ  မျိုးကောင်း မျိုးသန့် များထုတ်လုပ်နိုင်ရေး ၊ မျိုးစေ့ ထုတ်လုပ်ပြီး တောင်သူများဝင်ငွေတိုးပွားစေရေး၊  စသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇော်ဝင်းထွန်း