ဗန်းမော် နိုဝင်ဘာ ၂၅
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Online ဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် ခဲ့သည်။
Online ဟောပြောပွဲတွင် ဗန်းမော်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေမော်အောင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် သမိုင်းကြောင်းများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလကြောင့် ဒေသခံပြည်သူများအား နေ့ထူးနေ့မြတ်ကို သိရှိနိုင်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး ဟောပြောခြင်း ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)