မိုင်းဖြတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ယာယီပျံကျဈေးနှင့် (TAXI) ဂိတ်များ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်နှင့် ဝန်ထမ်းများက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယာယီပျံကျဈေးရှိ ဈေရောင်း၊ ဈေးဝယ် များ၊ (TAXI)ဂိတ်များနှင့် သွားလာနေကြသည့် မိဘပြည်သူများကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်၌ “အမျိုးသာအောင်ပွဲနေ့” ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြား သည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ရေနံ့သာ မောင်ကျော်ညွန့် ရေးသားထားသည့် “ဘုန်းရှင့်မြန်မာ တို့မြန်မာ” ကဗျာနှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သမိုင်းအကြောင်း သိကောင်းစရာများ ပါရှိကြောင်း သိရသည်။
သန်းထွန်းအေး