သထုံ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်း ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်နယ် ငါးလုပ်ငန်း ဦစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဦးတင်နိုင်ဝင်းက ငါးမွေး တောင်သူများအနေဖြင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်ဖြင့် နိုင်ငံတကာမှ လက်ခံသည့် မွေးမြူရေးစံနှုန်းများနှင့်အညီ ငါးမွေးမြူရေး နည်းပညာများ ရရှိမွေးမြူနိုင်ပြီး မွန်ပြည်နယ်၏ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ အခမဲ့စားရိတ်ငြိမ်း ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေး စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား/သူ ၂၅ ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)