အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ အခြေခံပညာ ဦးစီးဌာနက ကြီးမှူး၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို အမျိုးသားနေ့ အောင်ပွဲ တို့ဆင်နွှဲ ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကျောင်းသားကျောင်းသူ(၇)ဦးနှင့် အမျိုးသားနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ(၁၇)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများ အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။

စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို