ဒေးဒရဲ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ၂၀၂၁-ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစု ရပ်များ တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac များကို ယနေ့အထိ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကာကွယ်ဆေးထိုးနှံပေးရေးအဖွဲ့(၄)ဖွဲ့ဖြင့် ဒေးဒရဲမြို့နယ် အတွင်း မြို့ပေါ်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်း(၁၄)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးနိုင်ရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူမျာကို ပထမ အကြိမ်တွင်(၅၉၀၇)ဦးထိုးနှံပေးခဲ့ပြီး ယနေ့အထိဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၉၅၆)ဦး ထိုးနှံပေးပြီး ဖြစ်ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း