လက်ပံတန်းမြို့နယ်တွင် နွားမေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်

လက်ပံတန်း နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကြီးမှူး၍ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်ပွဲကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါက်တာစိုးမိုးဝင်းက ကျွဲ၊ နွား၊ မွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်းမျိုးသန့် ရရှိစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းကို မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ က သင်တန်းသား (၁၀)ဦးကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး