သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်း၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

သံဖြူဇရပ်  နိုဝင်ဘာ  ၂၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို နိုဝင်ဘာ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း       ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင်လည်း ကိုဗစ်-၁၉ ကာလ ဖြစ်သည့်အတွက် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစု၊ လူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက်ပေးထားကြောင်းကို သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။

အေးအေးမွန် (ပြန်/ဆက်)