မိုင်းလုံ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား " လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓါတ် ၊ပညာရေးကဏ္ဍသည် အရေးကြီး၊ အမျိုးသားအောင်ပွဲနေ့အစရှိသည့် အကြောင်းအရာများ၊ ရေနံသာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာအစရှိသည့် အကြောင်းအရာများ ပါဝင်ပြီး လက်ကမ်းစာစောင် စောင်ရေ(၂၀၀)ကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)