မြဝတီ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီ အစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် များနှင့် ကျောင်းသူ၊ကျောင်းသားများနှင့် သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိရန် မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြ ခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များကို မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူးတင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ယခုကဲ့သို့ Online စနစ်ဖြင့် မြဝတီခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးခြင်းဖြင့် ကိုဗစ်ကာလ ပြည်သူများအနေဖြင့် စိတ်အပန်းဖြေမှုနှင့် အသိပညာဗဟုသုတများလည်း ရရှိစေမည်ဖြစ် ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)