ကျွန်းစု နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်(၁၁)နာရီ အချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့် ပန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)