ဆင်ပေါင်ဝဲမြို့အခြေစိုက် Good Neighbors Myanmarအဖွဲ့မှ အသင်းဝင် စိုက်ပျိုးတောင်သူ များအား အာမိုမြေဩဇာအိတ်များ အခမဲ့ထောက်ပံ့

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့အခြေစိုက် Good Neighbors Myanmar အဖွဲ့မှ အသင်းဝင် စိုက်ပျိုးတောင်သူများအား အာမိုမြေဩဇာအိတ်များ အခမဲ့ထောက်ပံ့ပေးခြင်း ကို ယနေ့ နံနက်ပိုင်းအချိန်က ဆင်ပေါင်ဝဲမြို့၊ လယ်ကျိုးကျေးရွာထိပ်ရှိ အားကစားကွင်းအတွင်း တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ Good Neighbors Myanmar အဖွဲ့တာဝန်ခံမန်နေဂျာ ဦးသန်းလင်းအောင်နှင့် ရုံးအဖွဲ့များမှကြီးကြပ် ဆောင်ရွက်ခဲ့ပြီး Good Neighbors Myanmar အဖွဲ့ အသင်းဝင်ကျေးရွာများဖြစ်သည့် လယ်ကျိုး၊ ရွာသစ်၊ ကျောက်ဖြူတောင်၊ မကြီးကုန်း၊ ညောင်လှ၊ မကြီးပင်ပု၊ ဘော်မြင့်၊ ချီစွတ်၊ ကြာအင်း၊ အင်းကြား၊ လွန်ချီ၊ ဝါးရှိကုန်း၊ ဝါးရှိချိုင့် ကျေးရွားများရှိ အသင်းဝင် စိုက်ပျိုးတောင်သူများအား အာမို ၁၅း၁၅း၁၅ (ပတ်လည်မြေဩဇာ)(၃၈၃)အိတ်အား အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)