လဲချားတွင် (၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်/စာစောင် ပြပွဲ ကျင်းပ

လဲချား  နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စာအုပ်/စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး  မြန်မာနိုင်ငံ၏ နေ့ထူးနေမြတ်နေ့များကို မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/ကျောင်းသူများက မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မျိုးချစ် စိတ်ဓါတ်ရှင်သန်လာစေရန် ရည်ရွယ်၍ အဆိုပါ စာအုပ်/စာ‌စောင်ပြပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း  သိရသည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲကို  အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာအုပ်/စာစောင် များနှင့် အခြားဗသုသုတရဖွယ် သုတ/ရသ စာအုပ်များကို ခင်းကျင်းပြသထားပြီး ပြပွဲသို့ ကျောင်းသားကျောင်းသူများ ၊ လူငယ်များလာရောက်ကြည့်ရှု့ လေ့လာခဲ့ကြောင်း  သိရသည်။

လွှမ်းသူနောင် (လဲချား)