ကဝ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်နေသူများ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် လူစည်ကားရာနေရာများတွင် သတင်း စကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၄)နှစ်မြောက် အမျိုးသားအာင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀.၁.၁၉၆၄)ရက်နေ့ ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီး တစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြား သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁.၄.၂၀၂၁) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ အကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ ကဗျာများ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)