ရှမ်းရွာသစ် နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ် ချိန်တွင် ကျောင်းသား လူငယ်ကလေးငယ်များ အသိပညာ ဗဟုသုတရရှိရန်၊ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်၊ နေ့ထူးနေ့မြတ် များအကြောင်းသိရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်ရန်အတွက် ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြိုင်ပွဲကျင်းပ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း (၁၁) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)