အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက် (၁၀)နာရီ အချိန် သံတောင်ကြီးမြို့ဝင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုရှိမရှိ RDT  Test  Kit ဖြင့် ခရီး သွားလာသူများအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ မရှိ ကြောင်းသိရသည်။
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့နယ်အတွင်း ကြံစိုက်ပျိုးသည့် တောင်သ များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား သည့် ကာလတွင် မြန်မာ -တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်များ ပိတ်ထားပြီး စိုက်ပျိုးထားသည့်ကြံများကို တရုတ်နိုင်ငံရှိ သကြားစက်ရုံသို့ တင်ပို့ ရောင်းချခြင်း မရသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်အတွင်း လူနေထူထပ်သည့် လမ်းဆုံလမ်းခွ နေရာများတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 26,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် အမှတ်(၃)ရပ်ကွက် မကျီးတောရပ်တွင် နေထိုင်သော ဦးကြီးမောင်အား ယခုလိုဘဲ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်-
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ် တွင် ယနေ့နံနက်(၁၀)နာရီ၌ ယာဉ်မတော်မဆမှုများ ဖြစ်ပွားမှုမရှိစေရေးနှင့် လျော့ကျစေရေးတို့ကို ရည်ရွယ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်ဘုတ်ပြသဆောင်ရွက်သည်။
Nov 26,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် ၂၀၂၁ခုနှစ်  အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြို့မ ဘောလုံးအားကစားကွင်း၌ ပြုလုပ်ကျင်းပသည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရ​​ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်(၆)နေရာ တွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Nov 26,2021
၂၀၂၁ခုနှစ်၊ နို၀င်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ အထကကာမိုင်း၊ အထက(ခွဲ)မြို့မ-၂နှင့် လမ်းဘေးဈေးဆိုင်များ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။