အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို ) အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉နာရီခွဲက လူထုအခြေပြုဗဟိုဌာန (community centre) ပံသုကျီခန်းမ၌ ကျင်းပသည်။
Nov 26,2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေ သည့်“(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်နှင့် အတူ Maskများကို ယနေ့နံနက်(၇)နာရီခန့်က လူစည်ကားရာနေရာများဖြစ်သည့်စျေးများနှင့် လမ်းဆုံ လမ်းခွ နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
Nov 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသတွင် နေထိုင်သည့် ပြည်သူများအားကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင်းနံရံကပ် ဘုတ်နှင့် ရုံးရှေ့မြေဆိုက်ဘုတ်၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ် စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြသဆောင်ရွက်ခဲ့သည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2021
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ရက်နေ့ထိ ၆၈လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ ဒေသခံပြည်သူများ လူငယ်လူရွယ်များ ကျောင်းသား/ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန်နှင့် အစဉ်သတိရစေရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖျာပုံမြို့ မြောက်ပိုင်းစျေးတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 26,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉နာရီမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ငါန်းဇွန်အ.ထ.က၊ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များ သို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။