ချမ်းအေးသာစံ နိုဝင်ဘာ ၂၆
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၃ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို အမျိုးသားနေ့ (အကြို) ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သွက်လက် ထက်မြတ်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန်၍ အမျိုးသားနေ့ အထိမ်းအမှတ်နှင့် ပတ်သက် သည့် ကဗျာရွတ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်