ပုသိမ်ကြီး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို ) အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉နာရီခွဲက လူထုအခြေပြုဗဟိုဌာန (community centre) ပံသုကျီခန်းမ၌ ကျင်းပသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြီး၊ အထက ပုသိမ်ကြီးကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင် ကျောင်းသား/သူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍အဆိုပါဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ် အဖြစ် စာအုပ်စာစောင်ပြပွဲအား ပူးတွဲကျင်းပရာ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများက ကြည့်ရှုလေ့လာ ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)