မြစ်ကြီးနားမြို့တွင် သတင်းစကားလက်ကမ်းစာစောင်နှင့်အတူ Mask များအခမဲ့ဖြန့်ဝေ

မြစ်ကြီးနား   နိုဝင်ဘာ  ၂၆

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေ သည့်“(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်နှင့် အတူ Maskများကို ယနေ့နံနက်(၇)နာရီခန့်က လူစည်ကားရာနေရာများဖြစ်သည့်စျေးများနှင့် လမ်းဆုံ လမ်းခွ နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် “အမျိုးသားအောင်ပွဲနေ့”ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြ‌သော ကျောင်းသား (၁၁)ဦး ၏ အမည်များ၊ “ပညာရေးကဏ္ဍသည် အရေးကြီး” (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကား မှ ကောက်နုတ်ချက်)၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသား ပညာရေး၊ စာရေးဆရာ ရေနံသာ မောင်ကျော်ညွန့်၊ ရေးသားထားသည့် “ ဘုန်းရှင့်မြန်မာ တို့မြန်မာ” ကဗျာနှင့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်နေ့ ဦးတည်ချက်များ စသည်တို့ ပါဝင်သည်။

လက်ကမ်းစာစောင်နှင့် Mask များဖြန့်ဝေရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအားဗျေ့(ခ)ဦးအေးမောင်နှင့် ပြည်နယ်ရုံး၊ ခရိုင်ရုံးတို့မှ ဝန်ထမ်းများ၊ စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ခရီးသွားပြည်သူများနှင့် စျေးသည်စျေးဝယ်များထံသို့ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

ခရိုင်ပြန်ဆက်