ညောင်တုန်းမြို့တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာ‌ဆောင်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာ‌ ပေး နံရံကပ်စာစောင်များပြသ

ညောင်တုန်း နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင်းနံရံကပ် ဘုတ်နှင့် ရုံးရှေ့မြေဆိုက်ဘုတ်၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်များတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်ချက်များ၊ ဆောင်ပုဒ်များ၊ အမျိုးသား ရေး စိတ်ဓာတ်ကဗျာများ၊ ကာတွန်းရုပ်ပုံများပါဝင်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်သက်သည့် အသိပညာပေးစာစောင်များ၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များစသည့် အကြောင်းအရာများပါဝင်သော နံရံကပ် ပြဘုတ်အား အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထား‌ ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)