မန္တလေး နိုဝင်ဘာ ၂၆
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ရက်နေ့ထိ ၆၈လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အမျိုးသား/ အမျိုးသမီး အသင်းများ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖွင့်ပွဲကို နိုဝင်ဘာ၂၇ရက် နံနက်၁၀နာရီခွဲတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီခွဲတွင် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)