Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေး အတွက် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင် ကျောင်းနှင့် အ.ထ.က(မင်းလှ) မြို့တွင်း(အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်…
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် အတွေး အခေါ်အသိအမြင်များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသောအသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရှေးဦးသူနာပြုစုနည်း (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Nov 26,2021
သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေတဲ့အခါမှာ ပြည်သူများအနေဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုစောင့် ရှောက်နိုင်ရန် ရည်ရွယ်၍ ရှေးဦးသူနာပြုစုနည်း (Talk Show) ကို ယနေ့နံနက် ၈ နာရီက မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 26,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သည့် စာသင်ကျောင်းများ၊ ပြည်သူ့စျေးနှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်း က သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်
Nov 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစား ဝန်ထမ်းတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြော ပွဲနှင့် စာအုပ်စာစောင်များ ပြပွဲကျင်းပ
Nov 26,2021
ကျောင်းသား/ကျောင်းသူများ အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ နေ့ထူးနေ့မြတ်အကြောင်းကို သိရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်တွင် ခရမ်းရှည်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် ခရမ်းရှည်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည့် အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ် ဆင်ဆိပ်ကြီးလျှပ်စစ်မီးရရှိရေး ဓာတ်အားလိုင်းနှင့် ကျားသောင်ကျေးရွာ နွေမိုးဆောင်း အသုံးပြုနိုင် မည့်လမ်းပြီးစီး
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ဆင်ဆိပ်ကြီးကျေးရွာတွင် လျှပ်စစ်မီး အလင်းရောင် ရရှိရေးအတွက် ၄၀၀ ဗို့ဓာတ်အားလိုင်းနှင့် ကျားသောင်ကျေးရွာတွင် နွေမိုးဆောင်း အသုံးပြုနိုင်ရေးအတွက် ကျောက်ရောမြေခင်းခြင်းများကို မြစိမ်းရောင်စီမံကိန်းမှ ရရှိလာသော အတိုးငွေများနှင့် ကျေးရွာပြည်သူများ လုပ်အားထည့်ဝင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ပြီးစီးသွာသောကြောင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူပြုနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23911
Page
23912
Page
23913
Page
23914
Current page
23915
Page
23916
Page
23917
Page
23918
Page
23919
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department