ညောင်တုန်း နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးမှူး ဒေါ်တင်တင်လှိုင်က အမျိုးသားအောင်ပွဲ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ် များရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကိုကျင်းပရာ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းအားကစားပြိုင်ပွဲတွင်ကျောင်းသား၊ ကျောင်းသူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပါဝင်ယှဥ်ပြိုင်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)