ငါန်းဇွန်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ငါန်းဇွန်   နိုဝင်ဘာ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉နာရီမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ငါန်းဇွန်အ.ထ.က၊ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များ သို့ သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် “၂၀၂၁.ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်”၊ “အမျိုးသားရေးစိတ်ဓာတ်”၊ “အေးအတူ ပူအမျှ”၊ “ရန်ကုန်ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသား ကြီး(၁၁)ဦး”၊ အမျိုးသားအောင်ပွဲနေ့ စသည့်အကြောင်းအရာများနှင့် ရေနံ့သာမောင်ကျော်ညွန့် ရေးသား သည့် “ဘုန်းရှင့်မြန်မာ တို့မြန်မာ”ကဗျာတို့ပါဝင်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)