ဘားအံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြော ပွဲနှင့် စာအုပ်စာစောင်များ ပြပွဲကျင်းပ

ဘားအံ    နိုဝင်ဘာ  ၂၆

ကျောင်းသား/ကျောင်းသူများ အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ နေ့ထူးနေ့မြတ်အကြောင်းကို သိရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန  ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်၊၊

ထို့နောက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ် စာစောင် များနှင့် ဓာတ်ပုံပြပွဲကို ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် ပြန်/ဆက်