လိပ်သို နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် အတွေး အခေါ်အသိအမြင်များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသောအသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့ဦးစီးမှူးနော်နီလာအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထ ရရှိစေခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိသော ဗဟုသုတများကို လူမှုပတ်ဝန်းကျင်တွင် အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိ ကိုယ်ကို ယုံကြည်ရှိပြီး အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ခြင်း အစရှိသည့် စာဖတ်ဝိုင်း ပြုလုပ် ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသုများက စာရေးဆရာကျော်ကျော်လှိုင် ရေးသားသော “ပျော်ရွှင်ခြင်း”စာအုပ်တွင် ပါရှိသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့(ပြန်/ဆက်)