Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းမြို့တွင် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show ကျင်းပ
Nov 26,2021
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၉)နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သော ကားမှတ်တိုင်များ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများသို့ သွားရောက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား လူငယ်၊ လူရွယ်များအနေဖြင့် ဝံသာနုရက္ခိတ ရှင်သန်ခိုင်မာရေး၊ မျိုးရိုးဇာတိ မပျောက်ပျက်ရန် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် အမျိုးသားရေး အားမာန်အပြည့်ဖြင့် စောင့်ရှောက် ကာကွယ်ကြရန်၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်စေရန်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ထက်မြက်စေရေး ရည်ရွယ်ချက်များဖြင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်ထင်းရူးကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်
Nov 26,2021
နိုင်ငံသားတိုင်းအတွက်အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “’လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့’’ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ထင်းရူးကျေးအုပ်စု၌ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် ၅၅နှစ်နှင့် အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ စုရပ်အဖြစ် သတ်မှတ်၍ နေ့စဉ် နံနက် (၉) နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် စာရေးဆရာ အောင်သင်း ရေးသားသော ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးCommunity Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ဆောင်းသီးနှံ ငရုတ်များ ရင့်မှည့်လာ၍ တောင်သူတို့ အချိန်မှီရောင်းချနိုင်ရန် စတင်ခူးဆွတ်
Nov 26,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတောင်သူ များ စီပွားဖြစ်စိုက်ပျိုးထားလျက်ရှိသော ဆောင်းသီးနှံ ငရုတ်များ ရင့်မှည့်လာ၍ တောင်သူ တို့ အချိန်မှီရောင်းချနိုင်ရန် စတင်ခူးဆွတ်နေကြပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင်နေ့ကြီး ရက်ကြီး များအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၈)နာရီခွဲအချိန်က (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23908
Page
23909
Page
23910
Page
23911
Current page
23912
Page
23913
Page
23914
Page
23915
Page
23916
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department