မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရှေးဦးသူနာပြုစုနည်း (Talk Show) ဆွေးနွေးပွဲ ကျင်းပ

မန္တလေး  နိုဝင်ဘာ ၂၆

သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေတဲ့အခါမှာ ပြည်သူများအနေဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုစောင့် ရှောက်နိုင်ရန် ရည်ရွယ်၍ ရှေးဦးသူနာပြုစုနည်း (Talk Show) ကို ယနေ့နံနက် ၈ နာရီက မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲ (Talk Show) တွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမိုးကျော်တို့က ဦးဆောင်ဆွေးနွေးသည်။

ကြက်ခြေနီတပ်ဖွဲ့ဆိုတာ ရေဘေး၊မီးဘေး အစရှိတဲ့ သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့တဲ့အခါမှာ ဆေးရုံဆေးခန်း မရောက်မီ သက်သာနိုင်သမျှသက်သာနိုင်အောင် မိမိတို့ တတ်ကျွမ်းထားနည်း ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုစောင့် ရှောက်ကြပါတယ်၊ ဒီလိုပြုစုစောင့်ရှောက်တဲ့နည်းလမ်းတွေကို အများပြည်သူလက်လှမ်းမီ စောင့်ရှောက် နိုင်အောင်လို အသိပညာပေးမျှဝေပေးတာဖြစ်ပါတယ်၊ ဟု ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမိုးကျော် က ပြောကြားသည်။

ဆွေးနွေးပွဲ (Talk Show) တွင် ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာများ၊ လူမှုကရုဏာလုပ်ငန်းနှင့် ကြက်ခြေနီ လှုပ်ရှားမှုများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမှုများ အစရှိသော အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)