ပျော်ဘွယ်မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပျော်ဘွယ် နိုဝင်ဘာ ၂၆

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သည့် စာသင်ကျောင်းများ၊ ပြည်သူ့စျေးနှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်း က သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင် ဆန်း၏ ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီးကို နိုင်ငံလုံးဆိုင်ရာညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ရန်ကုန်ယူနီဗာစတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြ သော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်၊ ၂၀၂၁ ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်(၄)ရပ်၊ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် “ဘုန်းရှင့်မြန်မာတို့မြန်မာ” ကဗျာစသည့် အကြောင်းအရာအစုံကို ဖော်ပြပါရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)