ကော့ကရိတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

ကော့ကရိတ်   နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစား ဝန်ထမ်းတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ပညာရေး အငြိမ်းစား ဝန်ထမ်း ဒေါ်ခင်ကြူအေးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့တွင် ကျရောက် မည့် (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိလာစေရန်နှင့် အမျိုးသား​ရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာ စေရေးအတွက် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ကျင်းပပြု လုပ်ပေးသည့်အပြင် ပြည်သူများ အနေဖြင့် အမျိုးသားအောင်ပွဲနေ့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေး (Talk Show) ကျင်းပပြု လုပ်ခဲ့ပြီး အဆိုပါ (Talk Show)  အစီအစဥ်များကို စဥ်ဆက်မပြတ် We Love Kawkareik Online Page တွင် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)