မင်းလှမြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မင်းလှ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား  အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေး အတွက် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင် ကျောင်းနှင့် အ.ထ.က(မင်းလှ) မြို့တွင်း(အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။        

သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်းများက အဆိုပါကျောင်းများရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများတို့ဖြင့် ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

‌(၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကား လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက် နုတ်ချက်၊ အမျိုးသားအောင်ပွဲ နေ့ဖြစ်ပေါ်လာပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ်၏ အမှာစကား ကောက်နုတ်ချက်၊ အမျိုးသားရေး စိတ်ဓာတ်အကြောင်း၊ ရေနံသာ မောင်ကျော်ညွန့် ရေးသားထားသည့် ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ၊ အမျိုးသားပညာရေး အကြောင်း၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဆောင်ပုဒ်များ ပါဝင်ကြောင်းသိရသည်။

ပေါက်စ မင်းလှ